လက်ပံတန်း ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဇူလိုင် ၂၂ ရက် ညနေပိုင်းက မိုးသည်းထန်စွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စိန်တုံးအုပ်စု၊ နတ်ဖန်ကွင်းအုပ်စု၊ ကညင်တိုအုပ်စုတို့ရှိ နေအိမ်လေးလုံး ပျက်စီးခဲ့ကြောင်းသိရသည်။ အဆိုပါ လေဘေးသင့် ပြည်သူများအား နီးစပ်ရာဆွေမျိုးများနေအိမ်တွသ် နေရာချထားပေးထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)