လက်ရှိကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဇူလိုင် ၄ ရက်က ကိတ်ဗာဒီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ (၃၂)သင်းအဆင့်ပွဲစဉ်မှာ အနိုင်ရပြီး (၁၆)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ကိတ်ဗာဒီအသင်းတို့ရဲ့ပွဲစဉ်မှာ အချိန်ပိုထိ အကြိတ်အနယ်ကစားခဲ့ရကာ အာဂျင်တီးနားအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး မက်ဆီဟာ ကမ္ဘာ့ဖလားသွင်းဂိုး ခုနစ်ဂိုး ရှိလာခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ (၁၆)သင်း အဆင့်မှာ အီဂျစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။ အီဂျစ်အသင်းကတော့ ဩစတြေးလျအသင်း ကို ပင်နယ်တီအဆုံးအဖြတ်မှာ လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး (၁၆)သင်းအဆင့် တက်လှမ်းခဲ့တာဖြစ်ပါတယ်။

အခြားသောပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကိုလံဘီယာအသင်းနဲ့ ဂါနာအသင်းတို့ပွဲစဉ်မှာတော့ ကိုလံဘီယာ အသင်းက ပထမပိုင်းပွဲကစားချိန် ၁၄ မိနစ်မှာရရှိခဲ့တဲ့ အေရီယက်စ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ကိုလံဘီယာအသင်းဟာ ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစား ရမှာဖြစ်ပါတယ်။

ငွေကြယ်