၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့ ဩစတြီးယားအသင်းတို့ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီး ကမ္ဘာ့ဖလား (၃၂) သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် သွင်းဂိုးတွေကို တိုက်စစ်မှူး မက်ဆီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှူးမက်ဆီဟာ အခုပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုးစုစုပေါင်း ၁၈ ဂိုးအထိ ရှိသွားပြီဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
အခြားသော ကမ္ဘာ့ဖလားအုပ်စု အဆင့်ပွဲစဉ်တွေထဲမှာ ပြင်သစ်အသင်းက အီရတ်အသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အဲဒီပွဲစဉ်မှာ ပြင်သစ်အသင်းအတွက် သွင်းဂိုးတွေကို အမ်ဘတ်ပီက နှစ်ဂိုး၊ ဒမ်ဘီလီက တစ်ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပြင်သစ်အသင်းနဲ့အတူ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားသွင်းဂိုး ၁၆ ဂိုးအထိရှိလာခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဒုတိယမြောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ အီရတ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ နော်ဝေအသင်းက ဆီနီဂေါအသင်းကို သုံးဂိုး-နှစ်ဂိုး၊ အယ်လ်ဂျီးရီးယားအသင်းက ဂျော်ဒန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


