၂၆ ဒီဇင်ဘာ

 

ကျော်ကြားတဲ့ ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ မက်ဟန်ထရိန်နောဟာ ချစ်သူဖြစ်တဲ့ ဒါရယ်ဆာဘာရာနဲ့ လက်ထပ်လိုက်ပြီဖြစ်ပါတယ်။ စေ့စပ်ခဲ့ပြီးဖြစ်တဲ့ သူတို့နှစ်ဦးဟာ ယခုသီတင်းပတ်အတွင်းမှာပဲ လက်ထပ်ပွဲ ကျင်းပခဲ့ကြတာဖြစ်တယ်လို့ ဟောလိဝုဒ် လိုက်ဖ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်မှာတော့ မက်ဟန်ထရိန်နောရဲ့ မင်္ဂလာပွဲကို လော့စ်အန်ဂျလိစ်မှာ ကျင်းပခဲ့တာပါ။ ဧည့်ခံပွဲကိုတော့ ခြံဝင်းအတွင်းမှာပင် ရင်းနှီးသူတွေနဲ့ ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ ဧည့်ခံပွဲကိုတော့ ပရိသတ် ၁၀ဝ ခန့် တက်ရောက်ခဲ့တာဖြစ်ပြီး မက်ဟန် ထရိန်နောကတော့ အဖြူရောင်သတို့သမီးဝတ်စုံနဲ့ လှပနေကြောင်းလည်း သိရပါတယ်။ 

 

ဒီဇင်ဘာ ၂၂ ရက်ဟာ မက်ဟန်ထရိန်နောရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။

 

အေးပြည့်