လက်တွဲဖြုတ်လိုက်ပြီဖြစ်တဲ့ MISS A နဲ့ JYP

၂၉ ဒီဇင်ဘာ

 

JYP အနုပညာအေဂျင်စီနဲ့ ခုနစ်နှစ်ကြာ အနုပညာလှုပ်ရှားမှုတွေ အတူတကွ ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းမှာ Miss A အဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း JYP က ဒီဇင်ဘာ ၂၇ ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။

 

ချောမောလှပပြီး အဖွဲ့ဝင်လေးဦးနဲ့ ဖွဲ့စည်းထားပြီး သွက်လက်တဲ့ ကကွက်ဆန်းတွေနဲ့ သီချင်းအဆိုကောင်းမှုတွေကြောင့် ကေပေါ့ပ်လောကမှာ နာမည်ထင်ရှားလာခဲ့တဲ့ Miss A အဖွဲ့ဟာ JYP အေဂျင်စီနဲ့ ၂၀၁၀ ခုနှစ်ကတည်းက ဂီတလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ကာ ခုနစ်နှစ်အတွင်းမှာ တေးသီချင်းအယ်လ်ဘမ် ၂ ခုနဲ့ ဖျော်ဖြေပွဲပေါင်းများစွာ ဖျော်ဖြေခဲ့တဲ့ ကေပေါ့ပ်အမျိုးသမီးအဖွဲ့ တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

 

Miss A ရဲ့  Fei နဲ့ Suzy တို့ဟာ ၂၀၁၆ ခုနှစ်မှာ သူတို့ရဲ့ စာချုပ်သက်တမ်းတွေ ထပ်မံတိုးမြှင့်ခဲ့ကြပြီး Jia နဲ့ Min တို့ကတော့ စာချုပ်သက်တမ်းပြည့်တာနဲ့ အဖွဲ့ကနေ ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။

 

အဲဒီမတိုင်ခင်မှာလည်း အဖွဲ့ဝင်တွေဟာ တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုတွေကိုသာ ဦးစားပေးနေခဲ့ပြီး ၂၀၁၇ နှစ်ကုန်မှာတော့ အဖွဲ့ကို ဖျက်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။

 

Miss A အဖွဲ့ဟာ အဖွဲ့စဖွဲ့ဖွဲ့ခြင်း Bad Girl Good Girl သီချင်းနဲ့ ကေပေါ့ပ်ပရိသတ်တွေအကြား ရေပန်းစားခဲ့ပြီး ဂီတ သက်တမ်းတစ်လျှောက်မှာ တစ်နှစ်တာအကောင်းဆုံးသီချင်းဆု၊ အကောင်းဆုံး တက်သစ်စ အမျိုးသမီးတေးသံရှင်ဆု၊ Mnet Asian Music Award ဆုတို့ကို ဆွတ်ခူးခဲ့ပါတယ်။


ဖြိုး(MDN)
ကိုးကား> soompi