၁၄  ဇူလိုင်

ဆရာရှင့် ၊ကျွန်မနှင့် သူငယ်ချင်းများပါ ယခုခေတ်ပေါ်ဆံပင်ပုံများ အလှပြုပြင်ခြင်းများ ပြုလုပ်ရာ ဆံပင်ကို ဖြောင့်လိုက် ၊ကောက်လိုက် ၊အရောင်အမျိုးမျိုးဆိုးလိုက်နှင့် တဖြည်းဖြည်း ဆံပင်များပါလာပြီး အရောင်ကလည်း သဘာဝအနက်ရောင်မဟုတ်တော့ဘဲ နီကြောင်ကြောင်နဲ့ အဖျားမှာ နှစ်ခွကွဲ ဆံပင်ပျက်စီးခြင်းများ ဖြစ်လာပါတယ်။ထောလပတ်ရွက်ကိုသုံးရင် ဆံပင်သန်တယ်၊နက်တယ်လို့ သိရပါတယ်။ ဘယ်လို အသုံးပြုရမယ် ဆိုတာ ပြောပြပေးပါဆရာရှင့်။

ဆံပင်ဆိုးဆေးများသုံးခြင်း၊ ဆံပင်များပျက်စီးခြင်း၊ ကျဲခြင်း၊ ဦးရေပေါ်ခြင်းများဖြစ်လျှင် ထောလပတ်ရွက်ကို ကြိတ်ခြေပြီး အရည်ကို ဦးရေထဲဝင်အောင်လိမ်းပြီး နာရီဝက်ကြာ ခေါင်းပေါင်းထားပြီးနောက် ခေါင်းလျှော်ပါ။ တစ်ပတ်နှစ်ကြိမ် ပြုလုပ်ပေးပါ။ မွေးရာပါ ဆံပင်အားနည်း ငယ်ထိပ်ကွက် ဆံပင်မသန်သူများ ဆေးစား၍ ဆံပင်ကျွတ်သူများ ထောလပတ်ရွက်ကို အခြောက်လှန်း သံပြားပေါ်တင် အပူပေးပြာချပါ။ ပြာကို အုန်းဆီ စစ်စစ်ဖြင့် စိမ်ထားပြီး မှန်မှန်လိမ်းပေးပါ။ မျက်ခုံးမွှေးကျဲလျှင် ထောလပတ်ရွက်အရည်ညှစ် ကွမ်းရိုးနှင့် တို့မျက်ခုံးအရာအတိုင်းဆွဲပေးပါ။ ခုံးမျက်စ သုံးရက်လ ပုံစံအတိုင်း ဆွဲပါ။ ပေစာဆေးကျမ်းပါ ဆံပင်ဖြူပြန်နက် ဆေး (အတွင်းစားဆေး) ၁။ ထောလပတ်ရွက် ၂။ ကြိတ် မှန်ရွက် ၃။ နှမ်းနက်စေ့ ထိုသုံးမျိုးကို အလေးချိန်အမျှ စု၍ နွားနို့နှင့် ကျိုသောက်ရမည်။ ရှေးဟောင်းဆေးကျမ်း တွင် အတိုင်းအဆမပါရှိသဖြင့် မိမိသောက်နိုင်သမျှ မှန်း ဆ၍ ကျိုပါ။ ထိုထောလပတ်ဆေး သောက်နေစဉ်တွင် ရေအေး ဝအောင်ချိုး၊ ညအိပ်ရာဝင်ချိန်တွင် ဒူးအထက် မှအောက်သို့ ရေလောင်းခြေဆေးပြုပါက ဆံပင်ဖြူပြန် နက်သည်သာမက မျက်စိရောဂါများပါ ပျောက်ကင်းပြီး အမြင်ကြည်လင်စေသည်ဟု ဆိုသည်။ ရှင်နာဂသိန်၏ ဆေးကျမ်းတွင် ထောလပတ်ရွက် အရည်ကိုလိမ်းသော် မျက်နှာရှိပွေး၊ ညှင်း၊ တင်းတိပ်များပျောက်၏။ အနာလည်းထည့်ရ၏။ ထောလပတ်အမြစ်ကို နို့ရည်ဖြင့် ပြုတ်သုံးလျှင် ကာမကိုအားပေး၏။ အမြစ်အခေါက်သည် ရေယုံနာ၊ အရေပြားဖောရောင်ခြင်းအတွက် အလွန်ကောင်းသည်။ ဆံပင်ဆိုးခြင်း၊ ခေါင်းလျှော်ခြင်း ပြုနိုင်၏။ မျက်ခုံးမွှေးသန်စွမ်းအောင် လိမ်းပေးနိုင်သည်။

http://mmdigitalnews.com/epaper/mobimax/admin/img/breakingnews/Capture1471833.GIF

Botany ကျမ်းအလို။R.nasutus ထောလပတ်ပင်သည် များပြားလှသော ရောဂါများကုသရာတွင် သုံးသော အပင်ဖြစ်သည်။ ဥပမာအားဖြင့် eczema နှင်းခူနာ၊ herpes ရေယုန်ရောဂါ၊ pulmonary tuberculosis တီဘီအဆုတ်နာ၊hapatitis အသည်းရောင်ရောဂါ၊ diabetes ဆီးချိုရောဂါ၊ hypertension သွေးတိုးရောဂါ၊ different types of skin diseases အရေပြားရောဂါများနှင့် မြွေကိုက်ရာတွင်လည်း ကုသနိုင်သည်။ ထောလပတ်ပင်သည် သူ၏ antioxidant property ကြောင့်ထင်ရှားသည်။ သုတေသနများအရ ထောလပတ်သည် neu rodegenerative diseases များဖြစ်သည့် dementia ရောဂါကြောင့်ဖြစ်သော စိတ်ဖောက်ပြန်မှု၊ လေဖြတ်ရောဂါ၊ အကြောအားနည်း ခြေတုန်လက်တုန်ရောဂါ၊ ပါကင်ဆန် ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါများ ကုသရာတွင် အသုံးပြုနိုင်သည်။ Aedes and Cules စသော ခြင်ပေါက်ပွားမှုတို့ကို ထိန်းချုပ်ရာတွင်လည်း အသုံးပြု နိုင်သည်။ ထောလပတ်ပင်ကရသော extracets စစ်ထုတ်ရည်ထဲတွင် မှို၊ ဘက်တီးရီယား၊ ဗိုင်းရပ်စ်၊ ကင်ဆာစသော ရောဂါများကို တားဆီးနိုင်သော ဂုဏ်သတ္တိများရှိနေသည်။ အလွန်တန်ဖိုးရှိသော ထောလပတ်ပင်ဖြစ် သည်။ ( Rf; Dr. Thet Naing Oo, Botanist)

ဆရာရှင့် ၊ကျွန်မလက်အဆစ်များ၊ဒူဆစ်များ တင်ပြီး နာနေသဖြင့် သွေးစစ်ကြည့်ရာ ယူရစ်အက်စစ်များ အရမ်းတက်နေကြောင်းသိရသည်။ယူရစ်အက်စစ်ကျရန် အင်္ဂလိပ်ဆေးနံနက်တစ်ကြိမ်၊ ညတစ်ကြိမ်သော ကနေရပါသည်။အင်္ဂလိပ်ဆေးမှာ Side affect ရှိသည်ဟု ပြောသဖြင့် ကြာရှည်မသုံးစွဲလိုပါ။ကျွန်မမှာ အသက် ၆၀ နီးပြီဖြစ်၍ သင့်တော်သော မြန်မာဆေးကိုသာ မှီဝဲလိုပါသည်။သို့ပါ၍ ဆရာမှ ရှောင်ရန် အစားအစာနှင့် ဆေးနည်းတိုညွှန်ကြားပေးရန် အားကိုးစွာ မေးမြန်းအပ်ပါသည်။

သွေးထဲမှာ လေပူငုပ်နေတာပါ။ ပေါ်လိုက်ငုပ်လိုက် ဖြစ်နေတာ။ အအေးကြိုက်သူ၊ အဲကွန်းနဲ့ အလုပ်လုပ် သူတွေလည်း ဖြစ်တတ်ပါတယ်။ ခြေလေးချောင်းသား၊ အနီရောင်ရှိသော အသားများ လုံးဝရှောင်ကြဉ်ပါ။ ပဲပင်ပေါက်၊ မျှစ်၊ စတော်ဘယ်ရီ၊ မြေပဲဆန်၊ လက်လုပ် ချဉ်ဖတ်၊ ဘီယာ၊ ဆေးလိပ်လည်း ရှောင်ပါ။ (ဆေးနည်း) နံနက်အိပ်ရာထတိုင်း ပျားရည် ဟင်းစားဇွန်း တစ် ဇွန်းသောက်ပါ။ ရှောက်သီးအခွံပါ ရေနွေးစိမ်ထားပြီး ရေ ချိုးပြီးတိုင်း သောက်ပါ။ ငှက်ပျောသီးဖီးကြမ်း၊ မုန်လာဥနီ နေ့စဉ်စားပါ။

http://mmdigitalnews.com/epaper/mobimax/admin/img/breakingnews/Capture14718111.GIF

ဆရာ မင်္ဂလာပါ။ ကျွန်တော် ဆိုင်ကယ်လဲလို့ ဗိုက်ကို လက်ကိုင်နဲ့ ထိုးမိတာ ဗိုက်နံရံမှာ သွေးခဲသွားလို့ အကျိတ်လိုဖြစ်နေတာ ဘယ်လိုလုပ်ရမလဲ ဆရာ။

ဇာတိပ္ဖိုလ်သီး သွေးလိမ်း။ သက်ရင်းကြီးရွက် မီးကင်ကပ်ပေး။ သက်ရင်းကြီးရွက်နဲ့ ဆားရော ကြပ်ထုပ်လုပ် ရေနွေးငွေ့ခံပြီး ကြပ်ထုပ်ထိုးပါ။

ဆရာရှင့်၊ သမီးချောင်းဆိုးနေတာ ကြာပါပြီရှင့်။ ညဆို အိပ်မရလို့ ဘာဆေးသောက်ရမလဲရှင့်။ ဆေးနည်း လေးညွှန်ကြားပေးပါ။

လောက်သေရွက်ပြုတ်သောက်ပါ။ တစ်နေ့လျှင် မတ်ခွက်တစ်ဝက်ဝင်အောင်သောက်ပါ။ ချွဲပျော်အောင် ဖီးကြမ်းငှက်ပျောသီး မီးဖုတ်စားပါ။ ကွမ်းနဲ့ ဆားကို ကန်တော့ထိုးပြီးထုပ် သံပြားပေါ်တင် မီးဖုတ်ပြာချပါ။ ထိုပြာဆားကို သံပရာရည်နဲ့ ဖျော်လျက်ပါ။ ချွဲများ ပျော်ထွက်လာပါလိမ့်မည်။

ဆရာတစ်ခုလောက်မေးပါရစေ။ ကျွန်တော်လေးတဲ့ ရာတစ်ခုလောက်မေးပါရစေ။ ကျွန်တော်လေးတဲ့ အရာ တစ်ခုကို မရင် ညာဘက်ဆီးခုံစပ်က ဖောင်းနေတဲ့ နေရာက အရမ်းနာနေတယ်။သူငယ်ခင်းတစ်ယောက်က အဲဒါ အူကျတာလို့ ပြောပါတယ်။ လမ်းသွားရင်၊အလေးမရင်းနာပါတယ်။ အူကျရင် ဘယ်လိုလုပ်ဆောင် ရမယ်ဆိုတာ လမ်းညွှန်ပေးပါဆရာ။

ကျားမနိုင်နွယ်မြစ် သွေးလိမ်းပါ။ (တစ်နည်း) ကျောက်ချဉ်ကို သံပရာရည်ဖြင့်ဖျော် သနပ်ခါးဖြင့် ရောစပ်ပြီး အူကျသည့်နေရာမှာလိမ်းပါ။ (တစ်နည်း) အူကျသည့် နေရာမှာ ရေခဲအိတ်ကပ်ပေးလျှင် လျင်မြန်စွာပြန်တက် စေနိုင်ပါတယ်။ ရှားစောင်းလက်ပပ် အနှစ်ကိုအုံပေးလျှင် အူကျရောဂါသက်သာစေပါတယ်

ဆရာ၊ ညနေ ခြောက်နာရီနောက်ပိုင်းဆို ဆီးခဏခဏ သွားပြီး ညဘက်လည်း နှစ်ကြိမ်လောက် ဆီးထသွားနေ ရပါတယ်။ အဲဒါ ဘာဆေးတွေ သောက်ရမလဲ ဆရာ။

ဖီးကြမ်းငှက်ပျောသီး မီးဖုတ်ကျွေးပါ။ မာလကာရွက်ကို ထန်းလျက်နဲ့ကျို မတ်ခွက်တစ်လုံးစာ နေ့စဉ်သောက်ပါ။ ထောပတ်ထမင်းချက်စားပါ။ အုန်းသီးအဆံနှင့် ထန်းလျက်လည်းစားလို့ရပါတယ်။ ငှက်ပျောသီးအစိမ်း၊ ငှက်ပျောအူတိုင်ကို ဟင်းချက်စားလျှင် ဆီးထိန်းနိုင်ပါတယ်။ ဆီးခုံတွင် မင်းကွတ်သီးအခွံသွေးလိမ်းလျှင် ဆီးထိန်းနိုင်ပါတယ်။

ဆရာ၊ အမျိုးသမီး အဖြူတအားဆင်းရင် ဘာဆေးရာ၊ အမျိုးသမီး အဖြူတအားဆင်းရင် ဘာဆေးသောက်ရ မလဲရှင့်။ အင်္ဂလိပ်ဆေးသောက်လည်း ခဏပဲသက်သာပါတယ်။ စိတ်အနှောင့် အယှက်ဖြစ် လောက်အောင် ဆင်းနေလို့ပါရှင့် ။ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။

ဆန်ဆေးရည်အကြည် မနက်စောစောသောက်ပါ။ မီးကွင်းဂမုန်း သုပ်စားပါ။ ခြေလေးချောင်းသားရှောင်စားပါ။ ကျောက်ချဉ်နဲ့ ဖန်ဆေးပါ။

ဆရာရှင့်၊ အသက် ၃၆ နှစ်အရွယ်နှင့် နို့တိုက်မိခင်တစ်ဦးပါ။ ကလေးကနှစ်လကျော်ပဲရှိပါသေးတယ်။ ကလေးက နှစ်လကျော်ပဲရှိပါသေးတယ်။ ကျွနမရဲ့ ညာဘက်မျက်လုံးမှာ နှမ်းစေ့အရွယ်လောက်မျက်သားတက် နေပါတယ်။မနက်အိပ်ရာထရင် မျက်လုံးက ခုလုခုလုနဲ့ နေလို့မကောင်းဘူးရှင့်။ ဘယ်လိုလုပ်ရမယ် ဆိုတာ လမ်းညွှန်ပေးပါဦးဆရာ။

ကွမ်းရွက်ကို ပြားစေ့အဝိုင်းခန့်ဖဲ့ပြီး မျက်စိထောင့်များတွင်ကပ်ပါ။ တိမ်ကမျက်ဝတ်ကဲ့သို့ ထွက်သူတွေ တွေ့ဖူးပါတယ်။ မျက်မှန်ဒီဂရီ ကျစေပါတယ်။ မျက်စိကွင်းဆေးအဖြစ် ကျားမနိုင်နွယ်မြစ် သွေးကွင်းပါ။ (သို့ မဟုတ်) မန်ကျည်းပနီခေါက်သွေးကွင်းပါ။ မျက်စဉ်း ဆေး- ဆားရည်ကြည်သည် အကောင်းဆုံးဟု ရှေးဆရာ ကြီးများ ပြောပါတယ်။ စံပယ်ပွင့်ကို ညရေစိမ်နံနက်တွင် ရေကြည်ကို ခတ်သည့် နည်းလည်းရှိပါတယ်။ မျက်စိ အတွင်းစားဆေး တိုင်းရင်းဆေးအမှတ် (၁၂) စက္ခုပါလဆေးကို တိုင်းရင်းဆေးဆိုင်နဲ့ ပရဆေးဆိုင်များမှာ မေးဝယ်စားပါ။

http://mmdigitalnews.com/epaper/mobimax/admin/img/breakingnews/Capture14718222.GIF

မင်္ဂလာပါဆရာ၊ သမီးညီမလေးက တစ်နှစ်ပါ။ လျှာမှာ အနာဖြစ်ပြီး သွားရည်တွေကျနေလို့ ဘယ်လိုလုပ်ရ မလဲဆရာ။ ကူညီပေးပါဦးဆရာ။

လက်ချား (ပရဆေးဆိုင်မှာဝယ်) သံပြားပေါ်တင် အပူပေးပေါက်ပေါက်ဖောက်သလိုလုပ်ပါ။ လက်ချားမီးဖောက်အမှုန့် ကလေးလျှာပွတ်ပေးပါ။သမီးခေါင်းကိုက်နေတာ နှစ်ရက်လောက်ရှိပြီဆရာ။ မီးခေါင်းကိုက်နေတာ နှစ်ရက်လောက်ရှိပြီဆရာ။ အရင်ကမဖြစ်ဖူးဘူး။ လမ်းလျှောက်ရင် ပိုဆိုးပါတယ် ရင်ကမဖြစ်ဖူးဘူး။ လမ်းလျှောက်ရင် ပိုဆိုးပါတယ်ဆရာ။ ခေါင်းတွေထိုးထိုးကိုက်တာဆရာ။ အကြံဉာဏ်လေးပေးပါဦးဆရာ။

ခေါင်းကိုက်လျှင် ချင်းပါးပါးလှီး နထင်နှစ်ဖက်မှာ ကပ်ပါ။ တိုင်းရင်းဆေးအမှတ် (၄၃) အကင်းဆယ်ပါးဆေးမှုန့်ကို မီးခဲပေါ်ဖြူး ရှူပေးရင်လည်း ခေါင်းကိုက် အမြန်သက်သာပါတယ်။

ဆရာမင်္ဂလာပါ။ ကျွန်တော် မိန်းမခါးနာနေတာ ခြောက်လလောက်ရှိပါပြီဆရာ။ အလေးအပင်မလို့ဖြစ်တာ မဟုတ်ဘဲ ဒီအတိုင်းနာနေတာပါ။ ဘယ်လိုလုပ်ရမလဲဆရာ။

ခါးနာ၊ ဆားပွတ်ဆားနင်း ကုသနည်း- ခါးမှာ ရေစိုအဝတ်ကို (ရေကုန်အောင် ညှစ်ပြီးမှပတ်) ပတ်ထားပြီး ဆားနင်းပါ။ (သို့မဟုတ်) ပက်လက်အိပ်ပြီး ခြေဖဝါး ဆားပွတ်ပါ။ အခြားသူတစ်ယောက်ကို ပွတ်ခိုင်းရပါမယ်။ ရေစွတ်ပြီးပွတ်ပါ။ ခြောက်သွားရင် ရေထပ် စွတ် ၁၀ ကြိမ်ခန့်ပွတ်ပါ။ ခါးကရေစိုအဝတ် ခြောက်သွားပါလိမ့်မယ်။ တစ်နေ့ နှစ်ကြိမ် နံနက်၊ ညပြုလုပ်နိုင်ပါ တယ်။ ရေရှည်လုပ်ပါ။ လက်တွေ့ပျောက်သောနည်းပါ။

ကြည်လွင်မြင့် (မုဒြာ)