လက်တွေ့ကျ အသုံးဝင်တဲ့ တက်တူး ပိုင်ရှင် ထိုင်းအမျိုးသမီး

၂၄ ဧပြီ

မတည့်တဲ့ဆေးအသုံးပြုမိတာကြောင့် အရေးပေါ်အခန်းမှာ ၂ ရက်နေပြီး ကုသခံခဲ့ရတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အမျိုးသမီး တစ်ဦးဟာ အခုတော့ သူ့အတွက် အသက်ကယ်နိုင်တဲ့ လက်တွေ့အသုံးဝင်တဲ့ တက်တူး တစ်ခုကို သူ့လက်မှာ ထိုးထားလိုက်ပါပြီ။

အသက် ၃၂ နှစ်အရွယ် သီရိအွန်ကာဆုရာ  က သူ့လက်ပေါ်မှာ ကျန်းမာရေးတံဆိပ်နဲ့အတူ သူနဲ့မတည့်တဲ့ ဆေးတွေ၊ မတည့်တဲ့ ဆေးတွေကနေ သူ့ခန္ဓာကိုယ်ကနေ ဘယ်လို တုန့်ပြန်နိုင်မယ်ဆိုတာပါ အသေးစိတ်ပါတဲ့ မှော်ဆန်တဲ့အဆောင်အနေနဲ့ တက်တူးကို ထိုးထားပါတယ်။

သီရိအွန် ဟာ မနှစ် အောက်တိုဘာလက ဆေးမတည့်သဖြင့် အသက်တောင် ဆုံးရှုံးလုနီပါး အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ သီရိအွန်ဟာ အဲဒီလို အခြေအနေမျိုး ထပ်မံ မကြုံချင်တဲ့အတွက် အခုလိုလုပ်ဆောင်တာဖြစ်ကြောင်း၊ အခုတော့ သူ့အခြေနေကို ဆရာဝန်တွေလည်း မြင်နိုင်သိနိုင်ပြီ လို့ ဆို ပါတယ်။

MDN

The Nation.