၁၁ ဇွန်

 

လက်တင်အမေရိကနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ခုနှစ်သောင်းကျော် ရှိသွားသလို နိုင်ငံတွေရဲ့ မပြည့်စုံတဲ့ ကျန်းမာရေး စနစ်တွေ အပေါ်မှာလည်း ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နေပါတယ်။

 

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှစ်သန်းကျော်အထိ တိုးလာစဉ်မှာ အလယ်ပိုင်းနဲ့ တောင် အမေရိကနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးရဲ့ ဗဟိုချက် ဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇.၄ သန်းရှိပြီး သေဆုံးသူဟာလည်း ၄၁၅,၀၀၀ ကျော်အထိ ရှိလာကြောင်း သိရပါတယ်။

 

လက်တင် အမေရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံတွင် ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ပါဝင်တဲ့  သူနာပြုဆရာ၊ ဆရာမ ၁၈,၀၀၀ ဦးလောက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး အနည်းဆုံး ၁၈၁ ဦး သေဆုံးကြောင်း နိုင်ငံတကာ သူနာပြုကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဘရာဇီးနိုင်ငံက သူနာပြုတစ်ဦးဟာ ကပ်ရောဂါ ဖြစ်ပွားနေစဉ်မှာ သီတင်းတစ်ပတ်ကို ၇၂ နာရီ လုပ်ရကြောင်း သူနာပြုဆရာ ဟန်စ် ဘိုဆန်က သူတို့သူနာပြုတွေအတွက် ပုံမှန်အားဖြင့် အလုပ်များကြောင်း၊ အခုလို ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန့်ပွားချိန်မှာ အလုပ်ချိန် ပိုပြီးလုပ်ရကြောင်း၊ ဗိုင်းရပ်စ်ပိုး ကူးစက် လူနာတွေနဲ့ တိုက်ရိုက် ထိတွေ့ရတဲ့အတွက် ရောဂါတိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်ရကြောင်း နဲ့ လစာက တစ်လကို အမေရိကန်ဒေါ်လာ ၆၀၀ သာရကြောင်း ပြောပါတယ်။

 

ဘရားဇီးနိုင်ငံမှာ သူနာပြု ဉီးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်တဲ့အတွက် ၂.၃ သန်းဟာ အမျိုးသမီး သူနာပြုတွေဖြစ်ကြောင်း သိရပါတယ်။

 

ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ များပြားနေပေမယ့် မြို့တော်ဆာပါလို ရှိ ဆိုင်တွေကို မနေ့(ဗုဒ္ဓဟူးနေ့) က ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့ပြီဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP