ထန်းတပင် ၂၇ စက်တင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ကို မြို့အင်္ဂါရပ်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြို့တွင်းလမ်းများ၊ တံတားများ အဆင့်မြှင့်တင်တည်ဆောက်ရေးလုပ်ငန်းများနှင့် မြို့ပေါ်ရပ် ကွက်များအတွင်း ရေစီးရေလာများ ကောင်းမွန်စေရေးတို့အတွက် အုတ်ရေမြောင်း တည်ဆောက်ရေးလုပ်ငန်းများကို(၂ဝ၁၉)ခုနှစ် အောက်တိုဘာလအတွင်း၌ လုပ်ငန်းများကိုစတင် အကောင်အထည်ဖော်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းမြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီမှ သိရသည်။
တည်ဆောက်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ရန်ပုံငွေဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉ -၂၀၂ဝခု ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေလုံးငွေရင်းမှ ငွေကျပ်(၂၃၂၆) သန်း ကျော်ဖြင့် မြို့ပေါ်ရပ်ကွက်(၅)ခုတို့တွင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း(၁)ခု၊ ကွန်ကရိလမ်းခင်းခြင်း လုပ်ငန်း(၃၆)ခု၊ မြေသားလမ်းခင်းခြင်းလုပ်ငန်း(၁)ခု၊ ကွန်ကရိတံတား တည်ဆောက်ရေးလုပ်ငန်း(၃)ခု၊ Box-Culvert (၄၃)စင်းနှင့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး အုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း(၈)ခု၊ ကျောက်စီမြေထိန်းနံရံ(၁)ခုနှင့် မြို့တွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူကာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုက်(ထန်းတပင်)


