ဆီဆိုင် ၁ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ ခြောက်ရွာအကျိုးပြုသည့် ကျေးရွာချင်းဆက် မြေသားလမ်းမှ ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ယနေ့ နံနက် ၉ နာရီခွဲခန့်က လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ပြည်နယ် ခွင့်ပြုရန်ပုံငွေ ကျပ်(၁၃၆ ဒသမ ၃၅)သန်းဖြင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သည့် နားလွယ်-မိုက်ဆနှောင်း-ဖိုင်ကွမ်း-ဖိုင်လင်း-နမ့်ကွတ်-နောင်စန့် ကျေးရွာချင်းဆက် မြေသားလမ်း ၁ မိုင် ၇ ဖာလုံအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)