ကျောင်းကုန်း ၃၁ ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိုင်တိုင်အမှတ် ၇၂/၅ မှ ၇၃/၀ အတွင်း လမ်းအကျယ်မူလ(၂၂)ပေအား တစ်ဖက်လျှင်(၆)ပေစီ တိုးခဲ့၍ စုစုပေါင်းလမ်း အကျယ်(၃၄)ပေတိုးချဲ့ ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် မူလလမ်းအား ကတ္တရာထပ်ပိုးလွှာ(၄)လက်မခင်းခြင်းလုပ်ငန်းတို့ကို လမ်းဦးစီးဌာနမှ အထွေထွေတင်ဒါပိုလျှံငွေ (၉၉ ဒသမ ၆၅)သန်းဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ နေရာသို့ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းတို့က ကြည့်ရှုရာ လမ်းဦးစီးဌာနတာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ဝင်းက ယနေ့နံနက်ပိုင်းက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)