ရန်ကုန် ၁၁ သြဂုတ်
ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံတွင် “လွမ်းဒဏ္ဍာရီ”ရုပ်ရှင်ဇာတ်ကားအား အထူးပွဲပြသခဲ့သည်။ ယင်းရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်းနှင့် ဒါရိုက်တာရွှေပြည်ကတုံးမှ ပုံဖော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်များဖြစ်သည့် အကယ်ဒမီရဲအောင်၊ အားသစ်(စရိုက်နှစ်မျိုး)၊ အကယ်ဒမီထွန်းအိန္ဒြာဗို၊ အိချောပို၊ ဟန်တီတို့မှ အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ပို့ဇာတ်ရံများဖြင့် ရိုက်ကူးထားကြောင်း သိရသည်။

“ဒီဇာတ်ကားထဲမှာ ဟန်တီက ကောင်လေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်ရတဲ့ကောင်မလေး၊ သနားစရာကောင်းတဲ့ ကောင်မလေးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အများကြီးလည်း ကြိုးစားခဲ့ပါတယ်။ တစ်ဖက်သတ် ချစ်ရတဲ့ကောင်မလေးအဖြစ် သရုပ်ဆောင်ရတော့ ငိုရတဲ့အခန်းတွေ အများကြီးလည်း ပါပါတယ်။ အမှတ်တရအနေနဲ့ကတော့ ပထမဆုံး ရုပ်ရှင်ကားဖြစ်တဲ့အတွက်ကြောင့် ကင်မရာကို ရှိန်တာတို့၊ ငိုလို့ပြောလိုက်ရင် ဘယ်လိုငိုရမှန်းမသိတာတို့ ရှိခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝမှာ ကိုယ်ချစ်ရတဲ့သူကိုဘယ်လောက်သံယောဇဉ်ရှိတယ်ဆိုတာ ရိုက်ကူးထားတဲ့အတွက် လာရောက်အားပေး ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ပါတယ်။”လို့ သရုပ်ဆောင်ဟန်တီကပြောသည်။

အဆိုပါဇာတ်ကားသည် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဘဝကိုအခြေခံထားပြီး ၁၅၀ဝ မေတ္တာဘွဲ့ကို အချစ်၊အလွမ်းရသစုံစွာဖြင့် ရိုက်ကူးထားကြောင်းသိရသည်။ အဆိုပါရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၁၉ ရက်နေ့ တွင် ရုံတင်ပြသမည်ဟု သိရသည်။