လမိုင်း နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ရှိ ကျိုက်ကေလာသတန်ခိုးကြီးဘုရား၌ တန်ဆောင်မုန်းလပြည့် (တန်ဆောင်တိုင်ပွဲတော်)တွင် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
လမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ သိသာစွာ လျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာ ကုသိုလ်ယူနိုင်ကြစေရန် ကျိုက်ကေလာသတန်ခိုးကြီးဘုရားတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ပေးထားပြီးဖြစ်ကာ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ပြည်သူများ ဘုရားရင်ပြင်ပေါ်တွင် ကထိန်သင်္ကန်းကပ် လှည့်လည်ပူဇော်ပွဲများပြုလုပ်ပြီး ကုသိုလ်ကောင်းမှု ဆောင်ရွက်မှုများရှိသကဲ့သို့ မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီး၊ နေ့ထူး၊ နေ့မြတ်များတွင်လည်း ဘုရားဖူးပြည်သူများ၊ ခရီးသွား ပြည်သူများအား အာဟာရဒါန စတုဒိသာများဖြင့် ကျိုက်ကေလာသတန်ခိုးကြီးဘုရားရင်ပြင်၌ ဧည့်ခံကျွေးမွေးကုသိုလ်ယူလျက်ရှိကြောင်း သိရသည်။
ဖြူအေး(ပြန်/ဆက်)


