လမိုင်း ဒီဇင်ဘာ ၃
မော်လမြိုင်ခရိုင် လမိုင်းမြို့အတွင်းရှိ မွန်အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်ကြားလျက် ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)(ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက စုရပ်နေရာဖြစ်သည့် လမိုင်းမြို့ အ.လ.က(မွန်)ကျောင်း၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အုပ်စု(၆)အုပ်စုမှာ လမိုင်းမြို့ ကော့ဒွတ်ကျေးရွာ၊ မော့ကနင်၊ မော့ကနင်ရွာသစ်၊ နှစ်ကရင်၊ သောင်ပြင်ကျေးရွာတို့မှ အသက်(၁၂)နှစ် အထက် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ ဆရာမများက ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို လမိုင်းမြို့ရှိ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ဆရာ ဆရာမများ အင်တိုက်အားတိုက် ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိသည့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီထိုးနှံပေး လျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံကြပါစို့ ဆောင်ပုဒ်နှင့် အညီ အသက်(၁၂)နှစ်အထက် ကျန်ရှိနေသေးသော ကျောင်းသား၊ ကျောင်းသူများကိုဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)