လမိုင်း   ၃  စက်တင်ဘာ     


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၌  စက်တင်ဘာ  ၂ ရက်နေ့ ည ၉ နာရီခန့်က လေဆင် နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် မြို့မ(၁)ရပ်ကွက်၊ ရဲစခန်းဝင်းတွင် သစ်ပင်ကြီးများ ပြိုလဲကျခြင်း၊ မြို့မ(၁)ရပ်ကွက်၊ ကျိုက်ဇူဘုရားဝင်းတွင် သွပ်အမိုးများ ပျက်စီးလွင့်ပါခြင်း၊ မော့ကနင်ကျေးရွာ ကားဆိပ်ပိုင်းတွင် လူနေအိမ် ၃၉ လုံး သွပ်အမိုးများလွင့်စင်ခြင်း၊ မော့ကနင် ကျေးရွာ အလကခွဲတွင် သွပ်အမိုးများလွင့်စင်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိပါကြောင်း သိရသည်။


အဆိုပါလေဆင်နှာမောင်း တိုက်ခတ်ခဲ့သည့်နေရာများတွင် ရေးမြို့နယ်အုပ်ချုပ်ရေးမှူး၊ လမိုင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။


လမိုင်း(ပြန်/ဆက်)