လမိုင်း  ၁၉ ဧပြီ

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လမိုင်းမြို့တွင် ယာယီဈေးများ ဖွင့်လှစ်ရောင်းချလျက်ရှိရာ လမိုင်းမြို့ ကျိုက်ကေလာသဘုရားအရှေ့ ဘောလုံးကွင်းတွင် ယာယီဈေးအဖြစ် ယနေ့နံနက်ပိုင်းမှ စတင်၍ ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့သည်။

 

ယာယီဈေးဖွင့်လှစ်နိုင်ရေးအတွက် လမိုင်းမြို့ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ဦးဆောင်ပြီး Covid-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဘောလုံးကွင်း၌ ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်ပေးထားသည်။ ပျံကျဈေးသည်များအတွက် တစ်ဦးချင်းစီ ရောင်းချနိုင်ရန် (၆)ပေစီနှင့် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများအကြား (၄)ပေ ခြားထားခြင်းအပြင် ဈေးဝယ်သူများအတွက် သတ်မှတ်နေရာများ ထားရှိ၍ နေ့စဉ်နံနက် ၅ နာရီမှ ၉ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် လက်ဆေးပြီး နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုပြီးမှသာ ဈေးရောင်းဈေးဝယ် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

 

ဖြူအေး(ပြန်/ဆက်)