လမိုင်း ၁၉ နိုဝင်ဘာ

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့မြို့မ(၃)ရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ပဉ္စမအကြိမ် အဖြစ်ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀ဝ)နှုန်းဖြင့် ထောက်ပံ့ငွေများကိုလမိုင်းမြို့  မြို့မ(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမြင့်ဝေနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု(၂၇၅)စုအား ယနေ့မနက်ပိုင်းက နေအိမ်အရောက် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော် အစိုးရမှ ပထမအကြိမ်အဖြစ် စားသောက်ကုန်(၅)မျိုးကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေသည် ပဉ္စမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေဖြစ်ကြောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ထံမှသိရသည်။

 

လမိုင်း (ပြန်/ဆက်)

 

mdn