လမ်းကြိတ်စက် ပိ၍သေဆုံးမှု ပိန်းဇလုပ်၌ဖြစ်ပွား

ပိန်းဇလုပ် ၂၀ မေ

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ မြို့မ (၁)ရပ်ကွက် ပိန်းဇလုပ်တိုက်နယ်ဆေးရုံရှေ့တွင် မေ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက လမ်းကြိတ်စက်လမ်းဘေးထိုးကျကာ မောင်းနှင်သူ ပိ၍သေဆုံးကြောင်း ပိန်းဇလုပ်နယ်မြေရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ပိန်းဇလုပ်မြို့အဝင်လမ်းအတိုင်း မြောက်မှ တောင်သို့ ဦးကြည်လွင် (၅၈) နှစ်၊ ပိန်းဇလုပ်မြို့နေသူ မောင်းနှင်လာသော လမ်းကြိတ်စက်ယာဉ်သည် လုပ်ငန်းခွင်ရပ်နားရန် လွန်းထိုးနောက်ဆုတ်ရာမှ လမ်း၏ယာဘက်ခြမ်းသို့ ထိုးကျသွားရာ ယာဉ်မောင်းဦးကြည်လွင်မှာ လမ်းကြိတ်စက်နောက်ဘီးနှင့် ပိမိသွားခဲ့ပြီး အခင်းဖြစ်ပွားသောနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

သို့ပါ၍ ပိန်းဇလုပ်နယ်မြေရဲစခန်းမှ သေဆုံးသူအား အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ခင်အောင်လှိုင်(ညောင်လေးပင်)