ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊အမှတ်(၁၁)ရပ်ကွက်ရှိ သူနာပြုတက္ကသိုလ်၌ Covid-19 Test Centre ဖွင့်လှစ်ထားရှိမှုကို ယနေ့နံနက် (၇)နာရီတွင် ဖွင့်လှစ်ခဲ့သည်။
လမ်းမတော်မြို့နယ် သူနာပြုတက္ကသိုလ်၌၊ Covid-19 Test Center ဖွင့်လှစ်ရန်အတွက် လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ စုစုပေါင်း(၂၇)ဦးဖြင့် ကြိုတင်ပြင်ဆင်ခြင်း၊ ကျန်းမာရေးစစ်ဆေးရန် လာရောက်မည့်သူများအတွက် ထိုင်ခုံနေရာချထားခြင်းများ၊ ဆောင်ရွက်ခဲ့သည်။
လာရောက်စစ်ဆေးသူ မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဦးစီးဌာနတွင်၊ Covid-19 Case Investigation Form (Version 4.0) မှတ်ပုံတင်ရန် နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး နေ့စဉ်နံနက်(၁၀)နာရီမှ မွန်းလွဲ(၁)နာရီအထိ (ရုံးပိတ်ရက်မပါ)လက်ခံစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်


