ရန်ကုန် မတ် ၄
လမ်းမတော်မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ ညောင်ပင်လေးစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုကို ယနေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သည်။
စစ်ဆေးဆောင်ရွက်
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်နှင့် အဖွဲ့ဝင်များ၊ ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ပင်လေးစျေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တပ်ဆင်အသုံးပြုထားသော လျှပ်စစ်ဝိုင်ယာကြိုးများနှင့် ပစ္စည်းများ၊ အရေးပေါ် ဝင်/ထွက်လမ်းများ၊ ကုန်ပစ္စည်းထားသိုမှုများ၊ စျေးအတွင်းအသင့်ထားရှိသော မီးသတ်ပစ္စည်းများ အသင့်အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်


