လမ်းမတော်မြို့နယ် UMFCCI ကုန်သည်စက်မှုအသင်းချုပ်တွင် ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေအတွက် လျှောက်လွှာများကို တတိယနေ့ လက်ခံ

လမ်းမတော် ၁ ဧပြီ  

လမ်းမတော်မြို့နယ် UMFCCI ကုန်သည်စက်မှုအသင်းချုပ်ရုံးတွင် ချေးငွေစတင်လက်ခံသည့် ပထမနေ့နှင့် ဒုတိယနေ့တွင် လျှောက်လွှာထုတ်ယူခြင်းနှင့်လာရောက်စုံစမ်းမေးမြန်းသူဦးရေ (၁၅၄)ဦး၊ အချက်အလက် ပြည့်ပြည့်စုံစုံနှင့် လျှောက်လွှာတင်ခဲ့သူ (၅၀ ရှိခဲ့သည်။     ဦးစားပေးကုစား ရမည့် ကဏ္ဍများဖြစ်သည့် CMPလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ SME ကုန်ထုတ် လုပ်ငန်းများမှ လာရောက်လျှောက်ထားခဲ့ကြသည်။

 

a

 

ချေးငွေလျှောက်လွှာများကို ပူးတွဲပါရုံးဌာနများနှင့်Website အသီးသီးတွင်လည်း ရယူနိုင်သည်။

သက်ဆိုင်ရာစာရွက်စာတမ်းများLink နှင့်လျှောက်လွှာများ - https://bit.ly/3bBJqj4ချေးငွေလျှောက်ထား ခြင်းနှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါကကုန်သည်စက်မှုအသင်းချုပ် ဝ၁ -၂၃၀၂၄၈၅၊ ဝ၁ -၂၃၀၁ ၅၆   ကိုဗစ်-၁၉@umfcci.com.mm    www.umfcci.com.mm ကိုဗစ်-၁၉ ချေးငွေများလျှောက်လွှာများကို  မတ်လ ၃၀ ရက်မှ ဧပြီလ ၉ ရက်အထိ ပိတ်ရက်မရှိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ လက်ခံမည်ဖြစ်ကြောင်း သတ်မှတ်ထားသည့်အချက်အလက်များပြည့်စုံမှုမရှိသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါကြောင်း အသိပေးကြေညာခဲ့ကြောင်း သိရသည်။

 

a

 

ကျော်ဆန်းမြင့်