ရန်ကုန် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ပရိယတ္တိအလယ်တိုက်ကျောင်းတွင် ယနေ့မွန်းလွဲပိုင်းက စူဠဘွဲ့နှင်းသဘင်နှင့် စာအောင်ဆုနှင်း သဘင်အခမ်းအနား ကျင်းပသည်။
ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး လမ်းမတော်မြို့နယ် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် အောင်လက်မှတ်၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆရာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်


