ရန်ကုန် ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်မားလျက်ရှိရာ ဇွန်(၆)ရက်မှ ဇူလိုင်(၁၁)ရက်အထိ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြုလူနာပေါင်းမှာ (၈၃)ဦးအထိ ရှိလာခဲ့ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၃)ဦးရှိပြီး သေဆုံးလူနာ (၃)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို သက်ဆိုင်ရာ ဆေးရုံ၊ စင်တာများတွင် ထားရှိကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သက်ဆိုင်ရာနေရာများအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့်


