mdn

လမ်းမတော် ဩဂုတ်  ၉

 

ရန်ကုန်တိုင်းဒေသကြီး၊လမ်းမတော်မြို့နယ်တွင် ဆေးထိုးရန်ကျန်ရှိသည့် အသက်(၆၅)နှစ် နှင့်အထက်၊သက်ကြီး ရွယ်အိုများအား၊ ဈေးသည်များ၊ ယာဉ်မောင်းများအား ယနေ့နံနက်(၉)နာရီမှ စတင်၍ လမ်းမတော်မြို့နယ်အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဩဂုတ်(၃)ရက်နေ့မှယနေ့အထိ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မ်ြု့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ပရဟိတနှင့် လူမှုကူညီရေး အသင်းအဖွဲ့ ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင်လူဦးရေစုစုပေါင်း(၁၅၀) တို့အား ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

 

ကျော်ဆန်းမြင့်