ရန်ကုန် ၂၁ မတ်
လမ်းမတော်မြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါကူးစက်မှုကာကွယ်နိုင်စေရေးအတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ် ကျန်းမာရေးဌာနတာဝန်ရှိသူများ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်း ဦးဆောင်ပြီး ကျန်းမာရေး သူနာပြုဆရာမများ မြို့နယ်စည်ပင်သာယာရေး Aeo တို့က ယမန်နေ့ နံနက်ပိုင်းက လမ်းမတော်မြို့နယ်အတွင်းရှိ လိုင်စင် ရဆိုင်များဈေးဆိုင်များ၊ ဈေးအတွင်းနှင့်ရုံးဌာနများ၊ လမ်းသွားလမ်းလာများအား အသိပညာပေးပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။
ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်သောအားဖြင့် လမ်းမတော်မြို့နယ် မြို့နယ်ရပ်ကွက်များ အတွင်းသို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်များဖြင့် လူစုလူဝေးနှင့်ပြုလုပ်ရသော ပွဲလမ်းသဘင်များ၊ ပြုလုပ်ခြင်းမပြုလုပ်ပါရန် ကြေညာခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားသည့်အတိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ချက်များအား အလေးထားလိုက်နာခြင်းဖြင့် ကူညီပေးကြပါရန် ပြည်သူများအား အသိပညာပေးခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်


