လမ်းမတော်မြို့နယ်တွင် တရားမဝင် ဂိမ်းလောင်းကစားဆိုင် ဖမ်းဆီးရမိ

နေပြည်တော် ၉ ဖေဖော်ဝါရီ 
    

ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၂) မှုခင်းတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၆) မှုခင်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက် ညနေ ၃ နာရီ မိနစ် ၂၀ က သက်သေများနှင့်အတူ လမ်းမတော်မြို့နယ်၊ (၂)ရပ်ကွက်၊ အနော်ရထားလမ်းနှင့် (၆)လမ်း တိုထောင်တွင် Avatar Game World ဆိုင်တွင် တရားမဝင် ဂိမ်းလောင်းကစား ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့သည်။


ထိုသို့ရှာဖွေရာတွင် ဆိုင်အတွင်း၌ ဂိမ်းလောင်းကစားဝိုင်း မန်နေဂျာဖြစ်သူ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင် ကျေးရွာနေ မအိဖြူမြင့် (၃၄)နှစ်ပါ (၁၄)ဦးနှင့် လာရောက်လောင်းကစား ပြုလုပ်နေကြသူများဖြစ်သည့် ပေါ်လွင်ဦး (၃၁)နှစ်ပါ (၂၃)ဦးတို့အား ဂိမ်းစက်မျိုးစုံ (၂၇)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် မအိဖြူမြင့်ပါ (၃၇)ဦးအား လမ်းမတော်မြို့မရဲစခန်း (ပ)၁၈/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN