ဂန့်ဂေါ ၁၉ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် အောင်မြင်ရွာနှင့် ချင်းပြည်နယ် အိုက္ကာသို့ ဆက်သွယ်သည့် ဂန့်ဂေါ- အိုက်ကာလမ်းတွင် လမ်းဦးစီးဌာန တည်ဆောက်ရေး(၁၂)က ဂန့်ဂေါ မြို့နယ် အောင်မြင်ရွာအနီးတွင် တာဝန်ယူဆောက်လုပ်နေသည့် တံတားဆောက် လုပ်ခြင်းတွင် ပါဝင်သော မြေနေရာများအတွက်လျော်ကြေးငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဂန့်ဂေါ မြို့နယ် အထွေထအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အဆိုပါ လျော်ကြေးငွေပေးအပ်ပွဲတွင် လမ်းတံတားတည်ဆောက်ရေးစီမံကိန်း အထူး အဖွဲ့ (၁၂) ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဟန် နှင့် ဂန့်ဂေါမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း တို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် အောင်မြင်ကျေးရွာနေ တောင်သူ ဦးချစ်သန်းအား ယာမြေ ဝ ဒသမ ၁၁ ဧက အတွက် ငွေကျပ် ၂၇၅၀ဝ၀ ကိုလည်းကောင်း၊ ရှုံးရှီကျေးရွာနေ တောင်သူဦး ကျော်ကျော်ထွန်း အား ယာမြေ သုည ဒသမ ဝ၆ ဧကအတွက် မြေယာလျော်ကြေးငွေကျပ် ၁၅၀ဝ၀ဝ ကို လည်းကောင်း အသီးသီး ပေးအပ်းကြသည်။
ခရိုင် ပြန်/ဆက်


