ဆောင်းပါး - မေရတနာ
မြန်မာနိုင်ငံ၏ဆီအိုးကြီးဟု တင်စားရာ မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံမျိုးစုံနှင့် ပဲမျိုးစုံကို အဓိကစိုက်ပျိုးကြသည်။ ထိုကဲ့သို့ စိုက်ပျိုးရေးကို အားထားဆောင်ရွက်ကြသည့်အတွက် ထွက်ရှိလာသည့် စိုက်ပျိုးသီးနှံများ ရောင်းဝယ်ဖောက်ကားရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးသည် အရေးပါ လျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနကလမ်းအရေ အတွက် ၈၂ လမ်း၊ စုစုပေါင်း လမ်းအရှည် ၂၁၄၄ မိုင် ၁ ဖာလုံ ၂၂ ပေကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
တိုင်းဒေသကြီးအတွင်းမှာ နှစ်စဉ်ရရှိတဲ့ဘဏ္ဍာ ရန်ပုံငွေနဲ့ လမ်းအဆင့်မြှင့်တင်၊ လမ်းဖောက် လုပ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် Paved Ratio ဟာ ၉၅ ရာခိုင်နှုန်းအထိ ရှိလာပါပြီ" ဟု တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးစံမင်းအောင်က ပြောသည်။
လမ်းများ တိုးတက်ကောင်းမွန်ရေးအတွက် ပြည်ထောင်စုမှ စီမံခန့်ခွဲလျက်ရှိသော လမ်းအရှည် ၈၂၈ မိုင် ၆ ဖာလုံ ၆၉ ပေရှိပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသည့် လမ်းအရှည်မှာ ၁၃၁၅ မိုင် ၃ ဖာလုံ ၁၅၃ ပေရှိသည်။ ယင်းလမ်းပိုင်းများအနက် လမ်းမိုင် ၄၅၇ မိုင် ၁ ဖာလုံ ၆၉ ပေကို ပုဂ္ဂလိက ကုမ္ပဏီ ခြောက်ခုက B.O.T စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
“တိုင်းသကြီးအတွင်းမှာ လမ်း၊ တံတားတွေ ကောင်းမွန်ဖို့ လမ်းဦးစီးဌာနက ခရိုင်ငါးခု၊ လမ်း အထူးအဖွဲ့ တစ်ဖွဲ့၊ တံတားဦးစီးဌာနက တံတား တည်ဆောက်ရေးအဖွဲ့ တစ်ဖွဲ့၊ တံတားအထူးအဖွဲ့ နှစ်ဖွဲ့နဲ့ ဆောင်ရွက်လျက် ရှိပါတယ်။ မကွေးတိုင်း ဒေသကြီးအတွင်း ၃-၃-၂၀၂၂ ရက်မှာရှိတဲ့ လမ်း အမျိုးအစားနဲ့ လမ်းမိုင်အရှည်တွေ ကတော့ AC လမ်း ၁၁ မိုင် ၃ ဖာလုံ ၆၉ ပေ၊ ကွန်ကရစ်လမ်း ၁ မိုင် ၃ ဖာလုံ ပေ ၄၀၀၊ ၂၄ပေ အကျယ် ကတ္တရာလမ်း ၂၇၆ မိုင် ၂ ဖာလုံ ၄၄၁ ပေ။ ၁၈ ပေအကျယ် ကတ္တရာလမ်း ၁၃၄၁ မိုင် ၅ ဖာလုံ ၃၇ ပေ၊ ၁၂ ပေအကျယ် ကတ္တရာလမ်း ၄၀၃ မိုင် ၅ ဖာလုံ ၂၁၈ ပေကျောက်ချောလမ်း ၇၈ မိုင် ၅ ဖာလုံ ၆၆ ပေ အမာခံလမ်း မိုင် ၃၀ ၁ ဖာလုံ ၂၁၁ ပေ မြေလမ်း ၇ ဖာလုံတို့ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားသည်။
လမ်းဦးစီးဌာန၏ တာဝန်များ
လမ်းဦးစီးဌာန၏ တာဝန်များအရ လမ်းနှင့် တံတားများကို နိုင်ငံတော်ကချမှတ်ထားသည့် Good Governance, Clean Government မူဝါဒ များနှင့် အညီ အကောင်အထည်ဖော်နိုင်ရန်အတွက် Regulatory Body အဖြစ် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ဆက်သွယ်ရာတွင် ပိုမိုထိရောက် စေရန် ဆောင်ရွက်ခြင်း၊ အရည်အသွေး ပိုမို ကောင်းမွန်ပြီး ပြည်သူများအား ဝန်ဆောင်မှု ပိုမို ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာစံချိန် စံညွန်း( Standard Specification) များ၊ Rules & Regulations များ ရေးဆွဲပြဋ္ဌာန်းခြင်း၊ လမ်း အူကြောင်းနှင့် လမ်းလွှာဒီဇိုင်းများ ပုံစံထုတ်ခြင်း၊ ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသောလမ်းပေါ်ရှိ လမ်းလုပ်ငန်း များကို နှစ်အလိုက်စီမံကိန်းများ ရေးဆွဲခြင်း၊ နှစ်အလိုက်ရင်းနှီးမြှုပ်နှံမှုအစီအစဉ် ပြုစု၍ ငွေလုံးငွေရင်း ရန်ပုံငွေများ လျာထားဆောင်ရွက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေများ လျာထား ဆောင်ရွက်ခြင်း၊ နိုင်ငံအတွင်းရှိ လမ်းမိုင် စာရင်း များ နှစ်စဉ်ပြုစုပေးခြင်း၊ လမ်းလုပ်ငန်းများကို BOT စနစ်ဖြင့် ဆောင်ရွက်ခြင်း၊ တည်ဆောက်ရေး လုပ်ငန်းနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ပုတ်ပြတ်လုပ်ငန်းများ ဆောင်ရွက် စေခြင်း၊ ဆောင်ရွက်သည့်လုပ်ငန်းများတွင် တည်ဆောက်ရေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေးကိုလည်း Open Tender ပီပီပြင်ပြင် အကောင်အထည် ဖော်ခြင်းတို့ကို ဆောင်ရွက်ပေးရသည်။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်
ထို့အတူ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး စာချုပ်စာတမ်း ခိုင်ခိုင်မာမာ ချုပ်ဆိုဆောင်ရွက်၍ လုပ်ငန်းများ တာဝန်ပေးအပ် ဆောင်ရွက်ခြင်း၊ ဆောင်ရွက်သည့် လုပ်ငန်းများ အား ကြီးကြပ်စစ်ဆေးခြင်းနှင့် အရည်အသွေး ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ (Department of Highways) ဖွဲ့စည်းပုံ နှင့်အညီ လူ့စွမ်းအားနှင့် သင်တန်းဌာနခွဲ၊ စီမံ ခန့်ခွဲရေး မူဝါဒနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဌာနခွဲ၊ သတင်းအချက်အလက်နှင့် နည်းပညာ ဌာနခွဲ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ဥပဒေဌာနခွဲ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ/ လမ်း အန္တရာယ်ကင်းရှင်းရေးဌာနခွဲ၊ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲ၊ လမ်းထိန်းသိမ်းရေး ဌာနခွဲနှင့် ဖြည့်တင်းရေးဌာနခွဲတို့ကို အသစ်ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ အခြားဝန်ကြီးဌာနများနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက အပ်နှံလာ သည့် လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏လုပ်ငန်းများအား စီမံကွပ်ကဲခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက် ရသည်။
ယင်းလုပ်ငန်းတာဝန်များနှင့်အညီ တိုင်း ဒေသကြီး လမ်းဦးစီးဌာနသည် ဒေသတွင်းလမ်း များ ကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် AC လမ်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်ချော လမ်း၊ အမာခံလမ်း၊ လမ်းစသည့် လမ်းအမျိုး အစားများကို ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်၍ ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။
ဒေသတွင်း လမ်းလုပ်ငန်းများ
ထိုကဲ့သို့ ဒေသတွင်းလမ်းများ တိုးတက်ကောင်းမွန်စေရေးအတွက် မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနသည် ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း ၉ မိုင် ၆ ဖာလုံ ၄၃၄ ပေ၊၁၈ ပေမှ ၂၄ ပေ ကတ္တရာလမ်းချဲ့ခြင်း ၇ မိုင် ၇ ဖာလုံ၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၂၂ မိုင် ၁ ဖာလုံ ၅၆၅ ပေ၊ လမ်းနိမ့်မြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်း ခြင်း ၁၆ မိုင် ၃ ဖာလုံ ၃၃၈ ပေ၊ ကတ္တရာလမ်းသစ် ခင်းခြင်း ၁ မိုင် ၁ ဖာလုံ ပေ ၅၂၀ ၊ Box Culvet ( အသစ်တည်ဆောက်ခြင်း ၂၃ စင်း၊ Box Culvert ချဲ့ခြင်း နှစ်စင်း၊ ကျောက်စီရေမြောင်း တည်ဆောက် ခြင်း ၆၃၀၅ ပေနှင့် မြေကာနံရံတည်ဆောက်ခြင်း ( ၈၁၄ ပေကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ ၆ လတာ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့ သည်။
ထို့အတူ ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာ လမ်းချဲ့ခြင်း ၉ မိုင် ၃ ဖာလုံ ပေ ၅၄၀၊ ၁၈ ပေမှ ၂၄ ပေ ကတ္တရာလမ်းချဲ့ခြင်း မိုင်၂၀ ၆ ဖာလုံ ပေ ၃၄၀၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၆၉ မိုင် ၃ ဖာလုံပေ ၁၄၀၊ လမ်းနိမ့်မြင့်ညှိ၍ ကတ္တရာရေပိတ်လွှာ လောင်းခြင်း ၃၆ မိုင် ၅ ဖာလုံ ပေ ၃၃၀၊ ကတ္တရာ လမ်းသစ်ခင်းခြင်း ၁ မိုင် ၁ ဖာလုံ ပေ ၁၃၀၊ Box Culvert အသစ်တည်ဆောက်ခြင်း ၇၁ စင်း၊ Box Culvert ချဲ့ခြင်း ၂၄ စင်း၊ ကျောက်စီရေမြောင်း တည်ဆောက်ခြင်း ၂၄၃၃၄ ပေနှင့် မြေကာနံရံ တည်ဆောက်ခြင်း ၁၆၄၁ ပေကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
လမ်းများ အရည်အသွေးစိစစ်ရေး
လမ်းများ အရည်အသွေးကောင်းမွန်ရေး အတွက် လမ်းဦးစီးဌာနမှ အရည်အသွေး စိစစ်ရေး အဖွဲ့များ၏ စစ်ဆေး စိစစ်မှုများကို မကွေးတိုင်း ဒေသကြီးအတွင်းတွင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ စစ်ဆေးနိုင်ရန်အတွက် လမ်းများ ဆောင်ရွက်ရာတွင်ရှိရမည့် စံအရည်အသွေးကိုလမ်းဦးစီးဌာနက ဒီဇိုင်းထုတ်ပေးစဉ်ကပင် Technical Specification ပါ တစ်ပါတည်း သတ်မှတ်ထားကြောင်း သိရသည်။
“လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာရဲ့ အကျိုးဆက်ကို ပြည်သူက တိုက်ရိုက်ခံစားရတယ်။ အရင်က လမ်းမကောင်းတော့ ပေါ်တဲ့သီးနှံရောင်းဖို့ အတွက် အဆင့်ဆင့်သယ်ယူရတယ်။ ကျန်းမာရေး ဆိုလည်း ဒီလိုပဲ။ အခုတော့ သီးနှံရောင်းမလား၊ ကျန်းမာရေးအတွက် သွားမလား၊ ဘယ်လိုကိစ္စမဆို ရွာနဲ့ မြို့ဆက်သွယ်သွားလာဖို့ အချိန်မကုန်တော့ ဘူး” ဟု မကျီးကန် ကျေးရွာမှ ဦးခင်မောင်လတ်က ပြောပြသည်။
လုပ်ငန်းစဉ်များ
လမ်းဦးစီးဌာနသည် လမ်းများတိုးတက် ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် နှစ်ရှည်ပင်မ စီမံကိန်းတွင် ပါဝင်သောနိုင်ငံတကာနှင့် ဆက်သွယ် သည့်လမ်းများ၊ အဓိကပြည်ထောင်စုလမ်းများအား ကတ္တရာလမ်း ၃ ဒသမ ၆၆ မီတာ၊ ၅ ဒသမ ၅ မီတာအကျယ် ကတ္တရာလမ်းမှ ၇ မီတာ အကျယ် ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေပေါ်မူတည်၍ အဆင့်ဆင့်တိုးမြှင့်ဖောက် လုပ်ရန်၊ ဆောင်ရွက်ဆဲ ကျန်တိုင်းဒေသကြီး လမ်း များအား ရာသီမရွေးသွားလာနိုင်သည့် လမ်းအဆင့် ၃ ဒသမ ၆၆ မီတာ (၁၂ ပေအကျယ်) မှ ၅ ဒသမ ၅ မီတာ (၁၈ ပေအကျယ်) ကတ္တရာလမ်းအဖြစ် ဘဏ္ဍာနှစ်အလိုက်ရရှိ ရန်ပုံငွေပေါ်မူတည်၍ အဆင့် ဆင့်တိုးမြှင့်ဖောက်လုပ်ရန် ဟူသည့် လုပ်ငန်းစဉ် များကို ချမှတ်ထားသည်။
ထို့ကြောင့် တိုင်းဒေသကြီး လမ်းဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းများကို ၂၄ ပေအကျယ် AC လမ်းများအဖြစ်လည်းကောင်း၊ ကျန်လမ်းများကို ရာသီမရွေး သွားလာနိုင်သည့် လမ်းအဆင့် ၁၂ ပေအကျယ်မှ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ်လည်းကောင်း အဆင့်မြှင့်တင် ရန် လုပ်ငန်းစီမံချက်များ ချမှတ်ထားရှိပြီး ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီးသည် အရှေ့ဘက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်း ဒေသကြီး၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ အနောက်ဘက်တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ ထိုကဲ့သို့ ထိစပ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ လွယ်ကူစွာ ချိတ်ဆက်သွားလာနိုင်သည့် လမ်းပိုင်း များ ကောင်းမွန်စေရန်အတွက် တိုင်းဒေသကြီး လမ်းဦးစီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
“တိုင်းဒေသကြီးထဲက လမ်းပိုင်းတွေ ကောင်းမွန်ဖို့နဲ့အတူ ကျွန်တော်တို့ တိုင်းဒေသကြီး နဲ့ ထိစပ်နေတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေနဲ့ ချိတ်ဆက်နေတဲ့လမ်းပိုင်းတွေကောင်းမွန်ဖို့အတွက်လည်း ဆောင်ရွက်နေပါ တယ်။ နေပြည်တော်ဆိုရင် နေပြည်တော်- တောင်ညို - မြို့သစ်- ကန်ပြား (မကွေး) လမ်း၊ နေပြည်တော်- တောင်ညို ချောင်းနက်- တောင်တွင်းကြီးလမ်း၊ မန္တလေးနဲ့ ဆိုရင် ပျော်ဘွယ်- ရွာမွန်- နတ်မောက်- ကန်ပြား လမ်း၊ရွာမွန်-ဇီးဖြူကုန်း-ကျောက်ပန်းတောင်းလမ်း၊ ပေါက်ကန်- အိုင်မနက်ချောင်းလမ်း၊ ရန်ကုန်-ပြည်မန္တလေးလမ်း၊ စစ်ကိုင်းနဲ့ဆိုရင် မုံရွာ (ညောင်ပင်ကြီး)- ပုလဲ- ဂန့်ဂေါ- ဟားခါးလမ်း၊ ပခုက္ကူ - မုံရွာလမ်း၊ ဂန့်ဂေါ- ကလေးလမ်း၊ ပဲခူးနဲ့ ဆိုရင် ရန်ကုန်- ပြည်-မန္တလေးလမ်း၊ ပုသိမ်- မုံရွာ လမ်း၊ သာဂရ- ကိုးပင်လမ်း၊ ချင်းနဲ့ ဆိုရင် ဆိပ်ဖြူ - ဆော- ကန်ပက်လက်လမ်း၊ ပခုက္ကူ - ပေါက်ကျောက်ထု- ကံကြီး-မင်းတပ်လမ်း၊ လောင်းရှည်ကျင်ဒွေးလမ်း၊မုံရွာ(ညောင်ပင်ကြီး)-ပုလဲ-ဂန့်ဂေါဟားခါးလမ်း၊ ဂန့်ဂေါ-အို လမ်း၊ ရခိုင်ပြည်နယ် နဲ့ဆိုရင် မင်းဘူး- အမ်း- စစ်တွေလမ်းတို့ကနေ လွယ်ကူအဆင်ပြေစွာ သွားလာနိုင်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဒေါက်တာ စောမြတ်ခိုင်က ပြောသည်။
တိုင်းဒေသကြီး လမ်းဦးစီးဌာနသည် နေပြည်တော်- တောင်ညို - မြို့သစ်- ကန်ပြား (မကွေး) လမ်းပိုင်းတွင် နေပြည်တော် (ပန်းတင်) မှ မကွေး (ကံပြား) အထိ လမ်းအရှည် ၇၉ မိုင် ၄ ဖာလုံ ကတ္တရာလမ်း ဖောက်လုပ်ထားပြီး နေပြည်တော်မှ မကွေးမြို့သို့ ယာဉ်မောင်းချိန် ၂ နာရီ မိနစ် ၃၀ ခန့်ဖြင့် လွယ်ကူစွာ သွားလာနိုင်နေပြီ ဖြစ်သည်။
“ဥပမာအနေနဲ့ ပြောပြရရင် နေပြည်တော် ကောင်စီနယ်မြေနဲ့ မကွေးတိုင်းဒေသကြီးကို ချိတ်ဆက် ဆက်သွယ်ပေးထားတဲ့ နေပြည်တော်တောင်ညို - မြို့သစ်- ကန်ပြား (မကွေး) လမ်းပါ။ ဒီလမ်းပိုင်းမှာ ရေကျော် ကိုးခုရှိတယ်။ အရင်က မိုးရာသီ ချောင်းရေကျချိန်ဆို ရေကျော်တွေမှာစောင့်ဆိုင်းရတာမျိုးတွေ ရှိပါတယ်။ အခုတော့ နှစ်စဉ်စီမံချက်နဲ့ လမ်းပိုင်းပေါ်မှာ R.C တံတားတွေ တည်ဆောက်ခဲ့တဲ့အတွက် ရေကျော်လုံးဝ မကျန်ရှိ တော့ဘဲ ၂၄ နာရီပတ်လုံး စောင့်ဆိုင်းစရာမလိုဘဲ သွားလာနိုင်ပြီ” ဟုလည်းဒုတိယညွှန်ကြားရေးမှူးက ဆက်လက် ရှင်းပြသည်။
အချုပ်အားဖြင့်ဆိုရလျှင်ဒေသတွင်း ပြည်သူများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့ စီးပွား တိုးတက်ရေးတို့အတွက် အခြေခံကျသော လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန် ရာသီမရွေးသွားလာ နိုင်မည့် လမ်းကွန်ရက် အဆင့်မြှင့်တင်ခြင်း၊ အသစ်ဖောက်လုပ်ခြင်း လုပ်ငန်းများ ကို လမ်းဦးစီးဌာနအနေဖြင့် ပြည်သူ့အတွက် ဆက်လက်ကြိုးပမ်း ဖော်ဆောင်နေမည်ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။