ကျုံပျော် ၂၁ ဒီဇင်ဘာ
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ လွန်ဆွဲအားကစားပြိုင်ပွဲကို ကျုံပျော်မြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။
အားကစားပြိုင်ပွဲသို့ အမျိုးသမီးလွန်ဆွဲအသင်းများအဖြစ် ပညာရေးအသင်းနှင့် စိုက်ပျိုးရေးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားလွန်ဆွဲပြိုင်ပွဲသို့ မြေစာရင်း၊ ထွေ/အုပ်နှင့် မီးသတ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဆုရရှိသည့်အသင်းများအား ဒီဇင်ဘာစတုတ္ထပတ် အားကစားပြိုင်ပွဲများ အပြီးတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
နေဝင်း(ကျုံပျော်)