ကျောက်ဖြူ  ၂၅   ဇန်နဝါရီ 

ရက္ခပူရသာသနာလင်္ကာရအသင်း(ခွဲ)မှ ဦးဆောင်၍ လင်္ကရစာမေးပွဲဖြေဆိုရန် ရန်ကုန်မြို့မှ စစ်တွေမြို့သို့သွားရောက်မည့် စာဖြေသံဃာတော် အပါး(၄၈၀)ကျော်တို့သည် ကျောက်ဖြူမြို့တွင် ခေတ္တရပ်နားစဉ် ကျောက်ဖြူမြို့ရှိစေတနာရှင်များက ယနေ့၊နံနက် ၁၁ နာရီခွဲအချိန်တွင် မုန့်တီဆွမ်းနှင့် နေ့လည်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

‌ေ

 

အဆိုပါ စာဖြေရန်သွားရောက်သော သံဃာအပါး(၄၈၀)ကျော်တို့သည် ရန်ကုန်မြို့မှ Express (၁၂)စီးဖြင့် ကျောက်ဖြူမြို့သို့ ရောက်ရှိလာပြီး နဂါးကျောက်တိုက်၊ ယပ်လှဲကျောင်းတိုက်တို့မှ စတင်ကာ ဦးဥတ္တမလမ်းမှ နာရီစဉ်ကွင်း သာသနာ့ဗိမာန်သို့ကြွချီရာလမ်း တစ်လျှောက် လမ်းဘေးဝဲယာတို့တွင် စေတနာရှင် မြို့သူ/မြို့သားများက ဆွမ်း၊ လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်ခဲ့ကြကာ သံဃာတော်များသည်  သာသနာ့ဗိမာန်နှင့် နာရီစဉ်ကွင်းယာယီမဏ္ဍပ်တွင် နေ့ဆွမ်းသုံးဆောင်ခဲ့ကြသည်။

၎င်းစာဖြေသံဃာတော်များသည် မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့၊ ငလပွေ့ဆိပ်ကမ်းမှ ကစ္ဆပနဒီနှင့် ရွှေပြည်တန် အမြန်ရေယာဉ်များဖြင့် စစ်တွေမြို့သို့ ဆက်လက်ကြွချီခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)