မိုင်းပန် ၃ စက်တင်ဘာ        


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင်  ယနေ့ နံနက် (၁ဝ) နာရီအချိန်က လွိုင်လင်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂ဝ၁၉ ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ လာရောက် ထုတ်ချေးပေးခဲ့ကြကြောင်း သိရသည်။


နိုင်ငံတော်အတွင်း လယ်ယာထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ပြီး နိုင်ငံသားများ၏ စားနပ်ရိက္ခာ ဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူလယ်သမား များ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ လွိုင်လင်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဘဏ်မန်နေဂျာ ဦးကြည်စိုးမှ ဦးဆောင်၍ မိုင်းပန်မြို့နယ် အရှေ့ရပ်ကွက်နှင့် အလယ်ရပ်ကွက်ရှိ တောင်သူ (၉) ဦး၊ စပါး (၃၄.ဝဝ) ဧကအတွက် ၂ဝ၁၉ ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ စုစုပေါင်း ငွေကျပ် (၅၁)သိန်း ထုတ်ချေးပေးခဲ့ကြောင်းနှင့် ထုတ်ချေးပေးအပ်ရာ နေရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြို့နယ်ချေးငွေ အကြံပေးအဖွဲ့ဝင်များမှ တက်ရောက်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


ကိုဆန်း(မိုင်းပန်)