လင်းခေး ၁၁ ဇန်နဝါရီ

လင်းခေးခရိုင်၊ လင်းခေးမြို့နယ် လွိုင်လုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေ ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက လင်းခေးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့လာသည့် အခြေခံ စားသောက်ကုန် ၅ မျိုး၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများအား ကျေးရွာနေပြည်သူများထံသို့ လက်ဝယ်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

MDN

 

mdn