လင်းခေး မတ် ၁၅

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နယ် သစ်တောဦးစီးဌာနကကြီးမှူး၍ ယမန်နေ့နံနက် ၁၀ နာရီက လင်းခေးမြို့နယ် နောင်လုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပသည်။

 

ဟောပြောပွဲတွင် လင်းခေးမြို့နယ် သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်မျိုးနိုင်က မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ သိကောင်းစရာများအကြောင်း၊ မြို့နယ် သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးဇော်ဝင်းက “သစ်တော ထိန်းသိမ်းရေးနှင့် ရာသီ ဥတုပြောင်းလဲမှုတွင် သစ်တော သစ်ပင်များ၏ အရေးပါပုံ အကြောင်းတို့ကို ရှင်းလင်း ဟောပြောခြင်းနှင့် မြို့နယ်မီးသတ် ဦးစီးဌာန မြို့နယ်ဦးစီးမှူးက မီးခိုးမြူငွေ့ လျှော့ချရေးတွင် ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် တောမီးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

 

စိုင်းဇော်လတ်(လင်းခေး)