mdn

လင်းခေး ဇူလိုင် ၁၃

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊လင်းခေးမြို့နယ်အားကစားနှင့်ကာယကော်မတီဥက္ကဌဖလား အသက်၂၅နှစ်အောက်(Club)အသင်းလိုက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့ည‌ေန ၄နာရီက မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်း၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ခြင်းအခမ်းအနားမကျင်းပမီ ဌာနဆိုင်ရာ(ညွန့်ပေါင်း)အသင်းနှင့်  မီးသတ်တပ်ဖွဲ့အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြရာဌာနဆိုင်ရာအသင်းက (၂) ဂိုး(၆)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ လင်းခေးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြို့ဆောင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူး နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ပွဲစဉ်တလျှောက် အကောင်းဆုံး ဂိုးသမားဆု၊အကောင်းဆုံးကစားသမားဆု၊ ဂိုးအများဆုံးသွင်းနိုင်ခဲ့သူဆုများ ပူးတွဲတတိယအသင်းဆု၊ဒုတိယဆုနှင့် ပထမဆု(ငွေသားဆုများ)နှင့် ဗိုလ်စွဲရရှိသွားသောအသင်းအား ဖလားဆု ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

စိုင်းဇော်လတ်(လင်းခေး)