လင်းခေး ၁ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးမြို့နယ် အားကစားနှင့်ကာယပညာဉီးစီးဌာနနှင့် ပညာရေး ဉီးစီးဌာန တို့ပူးပေါင်းဖွင့်လှစ်သော ကိုယ်ကာယလေ့ကျင့်ခန်း အေရိုးဗစ်(Aerovic)၉ဉီးတွဲ လေ့ကျင့်စဉ်အသစ် ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်၈နာရီက လင်းခေးမြို့ နွယ်ဝတီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဉီးစွာ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအလိုက်မှ ကျောင်းသား ကျောင်းသူ ကလေးများက ကိုယ်ကာယလေ့ကျင့်ခန်း အေရိုးဗစ် (၉)ယောက်တွဲလေ့ကျင့်စဉ်အသစ် အကများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဉီးစိုင်းအောင်မျိုးကျော် ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးအောင်သန်းဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုရရှိသူများအား ဂုဏ်ပြုဆုများနှင့် ဆုတံဆိပ်အသီးသီးတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းနှင့် အဆိုပါ ဆင့်ပွားသင်တန်းအား တစ်လကြာမြင့်စွာဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းဇော်လတ်(ခရိုင်ပြန်/ဆက်)


