လင်းခေး ဩဂုတ် ၂၀ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက နေအိမ်အပြင်မထွက်ရ (Semi Lock Down) ချထားသည့် တောင်ရွာရပ်ကွက်နှင့် ဝမ်လွိုင်ရပ်ကွက်ရှိ အိမ်ထောင်စုများသို့ အခြေခံ စားနပ်ရိက္ခာများအား ဩဂုတ် ၁၉ ရက်က သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်နှစ်ရပ်ကွက်ရှိ အိမ်ထောင်စု ၇၆ စု၊ လူဦးရေ ၂၅၄ ဦးအတွက် မြို့နယ်  ကိုဗစ်-၁၉ ကော် မတီမှ တစ်အိမ်ထောင်လျှင် ဆန် လေးပြည်၊ စားဆီတစ်ပိဿာနှုန်း (စုစုပေါင်း တန်ဖိုးငွေ ကျပ် ၇၁၁၄၀ဝ) ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 

စိုင်းဇော်လတ်(ပြန်/ဆက်)