ဂျိုဟန်နက်စ်ဘာ့ဂျ် နိုဝင်ဘာ ၆

 

ဝစ်ထ်   ဝါးတားစတန်းတက္ကသိုလ်နှင့် အခြား သော တက္ကသိုလ် ၁၃ ခုမှ သုတေသီများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀၀၀ နီးပါးခန့်က သေဆုံးခဲ့သော ကလေးငယ်၏ ဦးခေါင်းနှင့် သွားအစိတ်အပိုင်း များကို တွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။

 

အဆိုပါကလေးငယ်မှာ အသက်လေးနှစ်မှ ခြေခက်နှစ်ကြားရှိမည်ဟု ခန့်မှန်းရသည်။ ဦးခေါင်းခွံအစိတ်အပိုင်းကို တောင်အာဖရိကရှိ ရုပ်ကြွင်းများနှင့် ရှေးဦးလူသားများ၏ အကြွင်းအကျန်များ အများဆုံးတွေ့ရှိရာနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သုတေသနအဖွဲ့ ခေါင်းဆောင် လီရော်ဂျာ ဘာဂါကပြောသည်။

 

အဆိုပါနေရာမှာ ဂျိုဟန်နက်စ်ဘာ့ဂျ် မြို့အနီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာလည်းဖြစ်သည်။       

 

ဆင်ဟွာ