၂၈ ဧပြီ
အမေရိကန်နိုင်ငံ ဖလော်ရေဒါပြည်နယ်မှာ ကားပေါ်ကနေ ကြည့်ရတဲ့ လဟာပြင်ရုပ်ရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ရေးကာလအတွင်းမှာ ပြန်လည်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ကားပေါ်ကနေ ကြည့်ရတဲ့ လဟာပြင်ရုပ်ရှင်ရုံ ယဉ်ကျေးမှုဟာ ၁၉၅၀ ခုနှစ်များဆီက ရှိခဲ့ဖူးပါတယ်။
ကားပေါ်ကနေ ကြည့်ရမယ့် လဟာပြင်ရုပ်ရှင်တွေဟာ ဗိုင်းရပ်စ်ပိုးအတွက် ကန့်သတ်ချက်အတိုင်း တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် မရှိတာကိုလည်း တွေ့ရပါတယ်။ ရုပ်ရှင်လာရောက်ကြည့်ကြတဲ့ တစ်ကားနဲ့ တစ်ကား ၁၂ ပေ သို့မဟုတ် ၁၄ ပေအကွာမှာရှိပြီး လူတွေအားလုံးဟာ ကားပေါ်မှာ ထိုင်နေရတာဖြစ်ပြီး အားလုံးဟာ မျက်နှာဖုံးဝတ်ဆင်လာတာကိုလည်းတွေ့ရပါတယ်။
အမေရိကန်နိုင်ငံမှာ မတ်လအတွင်းကစပြီး ရုပ်ရှင်တွေ ပိတ်လိုက်တာဖြစ်ပါတယ်။
ကားပေါ်ကနေ ကြည့်ရမယ့် လဟာပြင်ရုပ်ရှင်ယဉ်ကျေးမှုဟာ ကယ်လီဖိုးနီးယား၊ ကန်ဆက်၊ အိုကလာဟိုးမား နဲ့ မစ္စူရီပြည်နယ်တွေမှာ ပြန်လည်ထွန်းကားလာကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP