လှည်းကူး  ၁၁   ဖေဖော်ဝါရီ

 

ကျေးလက်ဒေသများတွင် ထင်းသုံးစွဲမှု လျှော့ချရေး၊ သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရေးနှင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးတို့အတွက် စွမ်းအားမြှင့်မီးဖို အလုံး ၉၀ဝ ကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများထံသို့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းမှ စတင်ကာ အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

စိုက်ပျိုးရေးဦးစီးဌာန၊ ကိုးရီယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (KOICA) နှင့် ကိုရီယား ရာသီဥတုပြောင်းလဲမှု ဗဟိုဌာန (Korea Climate Change Center) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လှည်းကူးမြို့နယ်အတွင်း လျှပ်စစ်မီး မရရှိသေးသည့် ထင်းအဓိကထား သုံးစွဲနေရသော ဂုံမင်လျှို(၂) ကျေးရွာ၊ ဆောက်တောကုန်းကျေးရွာ၊ တောင်ထပ်ကျေးရွာ၊ တောင်ထန်းမြှောင်ကျေးရွာ၊ လက်ပံဝဲကျေးရွာ၊ ရေလဲကန်ကျေးရွာ၊ စွယ်လတ်ကျေးရွာ၊ မြို့ကုန်းကျေးရွာ၊ တွင်းတစ်ရာကျေးရွာ စုစုပေါင်းကျေးရွာ (၉)ရွာ၊ အိမ်ထောင်စုပေါင်း(၉၀ဝ)တို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ရွှေနှင့် ဝန်ထမ်းများမှ အဖွဲ့(၃)ဖွဲ့ခွဲ၍ အခမဲ့ ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း  သိရသည်။ 

 

နိုင်လင်း(လှည်းကူး)