လှည်းကူး နိုဝင်ဘာ ၁

 

 အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများအားလုံးကို  နိုဝင်ဘာ ၁ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ ယနေ့နံနက်ပိုင်းမှစတင်၍  ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အတွင်းရှိ ကျောင်းများအသီးသီးတို့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကျောင်းများတွင် ပညာသင်ကြားရန် လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးနည်းလမ်းများအတိုင်း လက်ဆေးဘေစင်များထားရှိပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း များနှင့် စာသင်ခန်းများတွင် တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာ ပညာသင်ကြားနိုင်ရန် စီစဉ်ထားရှိပြီး တာဝန်ခံဆရာ၊ ဆရာမများက အနီးကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

‌လှည်းကူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၂)ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၈)ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) (၁၇)ကျောင်း၊အခြေခံမူလတန်းကျောင်း (၁၁၀)၊ အခြေခံမူလတန်း (လွန်)ကျောင်း (၃၀)၊  အခြေခံမူလတန်း(ခွဲ)ကျောင်း (၁)ကျောင်း၊  ကိုယ်ပိုင် အထက်တန်း ကျောင်း(၄)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်း ကျောင်း(၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂၁)ကျောင်း ရှိကြောင်း မြို့နယ်ပညာ‌ရေးမှုးရုံးမှ သိရှိရသည်။ 

 

ကျော်ကျော်(ပြန်/ဆက်)