လှည်းကူး မတ် ၂၃

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီတို့၏ ပေါင်းစပ်မှုဖြင့် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့‌ဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့ဝင်များက အငြိမ်းစားဝန်ထမ်း ၄၇ ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းများကို လည်းကောင်း၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့ဝင်များက တိုင်းရင်းဆေးများဖြင့် ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ရာ လှည်းကူးမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၇ ဦးတို့အား ကျန်းမာရေးစောင့် ရှောက်မှုများပေးခဲ့ပြီး အငြိမ်းစားဝန်ထမ်းများအား လစဉ်ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အိရွှေစင်လတ်(ပြန်/ဆက်)