လှည်းကူး  ၆  သြဂုတ်

 

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ မဲစာရင်းတွင်ပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ အချိန်မီရရှိစေရန် ယနေ့ နံနက် ၉ နာရီက အုန်းနှဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ဖောင်ကြီးအနောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်နှင့် ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းပါရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများစာရင်းကို စနစ်တကျကောက်ယူကာ ဇွန်လမှစတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအား မဲစာရင်းပေးသွင်းနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အသက်(၁၈) နှစ်ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်း(လှည်းကူး)