လှည်းကူး မေ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာ ရွာဦးဓမ္မာရုံတွင် မေ ၇ ရက် နံနက်ပိုင်းက မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်က သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့လျှော့ချရေးအတွက် Fire Hotspots အကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာလင်းက “မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်နှင့် လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

လှည်းကူး(ပြန်/ဆက်)