လှည်းကူး   ဧပြီ   ၈

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ သစ်တောဦးစီးဌာနက ကြီးမှူး၍  သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက သစ်တောပျိုးဥယျာဉ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် လှည်းကူးမြို့နယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထွန်းနောင်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဝင်းတို့က ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ ဒေသနေပြည်သူများက ကျွန်းပင်၊ ပိတောက်ပင်၊ မဟော်ဂနီပင်၊ ပျဉ်းမပင်၊ ချင်း(ဂျင်း)၊ တညင်းပင်၊ ပျဉ်းကတိုးပင် စုစုပေါင်း  ၁၄၄ ပင်တို့ကို စိုက်ပျိုးခဲ့ ကြောင်း သိရသည်။

 

လှည်းကူးမြို့နယ်   သစ်တောဦးစီးဌာနအနေဖြင့်  ၂၀၂၃  ခုနှစ် မိုးရာသီတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးအတွက် လူထုဖြန့်ဝေရန် ပျိုးပင်ပေါင်း ၇၀ဝ၀ဝ နှင့် အထူးပျိုးထောင်ပင် ၁၂၀ဝ၀ တို့ကို ပျိုးထောင်ထားပြီးဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)