လှည်းကူး မေ ၁၃

 

လှည်းကူးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း(၁၀၀)စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးညီညီလွင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူ ၅၅ ဦးထံသို့ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အိရွှေစင်လတ်(လှည်းကူး)