လှည်းကူး စက်တင်ဘာ ၁၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ တီဘီရောဂါကုသဆဲ လူနာများအား Myanmar NGO Network မှ အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက  လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ တီဘီရောဂါကုသနေသည့် လူနာတစ်ဦးလျှင် ဆန် ၆ ပြည်ဝင် တစ်အိတ်၊ ဆီ ၁ ပိဿာ တစ်ဘူး၊ ကြက်ဥ ၁၀ လုံး၊ စားပဲ တစ်ထုပ်နှင့် ကွေကာအုပ် အထုပ်ကြီး တစ်ထုပ်တို့ကို Myanmar NGO Network မှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူများက လူနာနှင့် လူနာမိသားစုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် Myanmar NGO Network နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူများက ရောဂါဝေဒနာကြောင့် သွားလာရန်အခက်အခဲရှိသည့် လူနာများ၏ နေအိမ်များသို့ သွားရောက်၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စုစုပေါင်း ထောက်ပံ့သည့် လူနာဦးရေ ၁၂၀ ရှိကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)