ရန်ကုန် ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မီးသတ်စခန်းတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ လူ၊ ယာဉ်/စက်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို တာဝန်ရှိသူများက ဇွန် ၁၉ ရက်တွင် သွားရောက်စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် လှည်းကူးမြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များအား မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးယုလွင်က သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် တပ်ဆင်အသုံးပြုပုံများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)


