ရန်ကုန် မတ် ၈
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် တာဝန်ရှိသူများက အထက (လှည်းကူး)၊ အထက(မြို့မ)၊ အထက (အင်းတိုင်)၊ အထက (ဖောင်ကြီး)၊ အထက (ရဲမွန်)၊ အထက(ဒါးပိန်)၊ အထက (ငါးဆူတောင်)၊ အထက (ငါးဆူတောင်) စက်မှု၊ စိုက်ပျိုး၊ အထကခွဲ(ငွေနံ့သာစံပြ) စသည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ စာဖြေခန်းများ၊ စာဖြေခုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာဖြေသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်(လှည်းကူး)


