ရန်ကုန်   ၃၀   အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး  လှည်းကူးမြို့နယ် ပိုက်ကြီးဝဲကျေးရွာ မိုးစပါး စံကွက်ရိတ်သိမ်းခြင်းနှင့် ခရိုင်အဆင့် စိုက်ပျိုးရေး နည်းပညာ အထောက်အကူပြုဓာတ်ခွဲခန်းဖွင့်ပွဲကို အောက်တိုဘာ ၃၀ ရက်နံနက် ၇ နာရီက ကျင်းပရာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ စံကွက်ရိတ်သိမ်းခြင်းအား တောင်သူ ဦးမောင်မောင်၏ ဆင်းသွယ်လတ် စပါးစိုက်ကွင်းတွင် ကျင်းပရာမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက လှည်းကူးမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ နှင့်စပါးဖျက်ပိုး (ဖြုတ်ပိုး) အမျိုးမျိုးနှင့် ကာကွယ်နှိမ်နင်းနည်းအကြောင်းများ ကိုရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ယင်းနောက် ဦးမောင်မောင်၏ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းမှ မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ၊ စပါးရိုး ပြတ်စက်ဖြင့် ရိုးပြတ်ရှင်းလင်းခြင်း၊ မြေသားထွန်ယက်စက်များဖြင့်မြေသားထွန်ယက်ပြသခြင်း များကို စက်မှုလယ်ယာဦးစီးဌာနမှာ စက်ကိရိယာများနှင့်ဆောင်ရွက်နေမှုများ ၊ရိတ်သိမ်းပြီးစပါး နမူနာများကို စိုက်ပျိုးရေးဦးစီးဌာန  တိုင်းဒေသကြီး ဦးစီးမှူးကဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများကို ရှင်းလင်းပြသခဲ့သည်။

 

ဆက်လက်၍ လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ခရိုင်အဆင့် စိုက်ပျိုးရေး နည်းပညာ အထောက်အကူပြု ဓာတ်ခွဲခန်းဖွင့်ပွဲကို လှည်းကူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း ကျင်းပရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း ၊လွှတ်တော်ကိုယ်စားလှယ်များ ၊တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးတို့က ဖဲကြိုးဖြတ်၍ စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်ပေးခဲ့ပြီး ဓာတ်ခွဲခန်းအတွင်း လှည့်လည်ကြည့်ရူ့ခဲ့ကြရာ တာဂန်ရှိသူများက ရှင်းလင်း ပြသခဲ့ကြသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ဒေသခံ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

ဆန်းကျော်ဦး (ပြန် /ဆက်)