ရန်ကုန်၊   ၂  ဇန်နဝါရီ  

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာရေး ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်ခြင်းနှင့် အကြောင်းမဲ့ထွက်ခွာသွားလာမှုမရှိစေရေးဆောင်ရွက်ခြင်းတို့ကို ဇန်နဝါရီ ၁ ရက် ညပိုင်းက လူစည်ကားရာနေရာဖြစ်သည့် လှည်းကူးတာဆုံမီးပွိုင့်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဝင်းတို့ ဦးဆောင်၍ လှည်းကူးမြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်များ အန္တရာယ်များ ဖြစ်ပွားမှုမရှိစေရန် နယ်မြေ အေးချမ်းသာယာရေး ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပ ထွက်ခွာလာသူတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်စေရန်နှင့် သတ်မှတ်ချိန်ကျော်လွန်၍ အကြောင်းမဲ့ ထွက်ခွာလာမှုမရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)